ရင်းနှီးမြှုပ်နှံသူက ၄င်းရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံလိပ်မူပြီး အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်-
- လျှောက်ထားသည့်စာ(ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရခြင်းအကြောင်း၊ မူလရင်းနှီး မြှုပ်နှံမှု ပမာဏ၊ တိုးမြှင့်လိုသည့်ပမာဏနှင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ)
- ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက်
- ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရာတွင် စက်ပစ္စည်းကိရိယာများတင်သွင်းလိုပါက တင်သွင်းမည့် စက်ပစ္စည်းကိရိယာစာရင်းကို ပူးတွဲတင်ပြရမည်။-
(ရင်းနှီးမြှုပ်နှံမှု လျော့ချရန် တင်ပြသည့် လုပ်ငန်းရှင်များအတွက် ကျန်ရှိမည့် စက်ပစ္စည်းစာရင်းကို တင်ပြရန်)
- ချေးငွေသဘောတူညီမှု မူကြမ်း (ရင်းနှီးမြှုပ်နှံသူက ရင်းနှီးမြှုပ်နှံမှုကို ချေးငွေနှင့်တိုးမြှင့်လိုလျှင်)
- MIC ခွင့်ပြုမိန့် မိတ္တူ
- ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
(မူလအဆိုပြု မတည်ရင်းနှီးမြှုပ်နှံမှု၏ ၈၀ ရာခိုင်နှုန်းထည့်ဝင်ပြီးကြောင်း အထောက်အထား တင်ပြရမည်။)
- နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ